Panasonic Leadership Principles

Panasonic အုပ်စုတွင် တစ်ဦးတစ်ယောက်ချင်းစီကို စုပေါင်းထားသည့်အားလျော်စွာ ကျွန်ုပ်တို့သည် အဖွဲ့တစ်ခုအတွက် မန်နေဂျာများအဖြစ် တာဝန်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကျွန်ုပ်တို့တစ်ဦးချင်းစီသည် ရုပ်ဝတ္ထုပိုင်းအရရော စိတ်ပိုင်းဆိုင်ရာအရပါ ကြွယ်ဝပြည့်စုံသော စံပြလူ့အဖွဲ့အစည်းတစ်ရပ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် လူတိုင်းလူတိုင်း၏ စုပေါင်းဉာဏ်ပညာကို အသုံးပြုနိုင်ရန်အတွက် ခေါင်းဆောင်မှုကို ပံ့ပိုးပေးကာ ကြိုးပမ်းချက်များတွင် အားဖြည့်ကူညီကြရမည်ဖြစ်သည်။ ဤအတွက်ကြောင့် ကျွန်ုပ်တို့သည် Panasonic အုပ်စုတစ်ခုလုံးအတွက် နေ့စဉ် လိုက်နာဆောင်ရွက်ရန် ကျွန်ုပ်တို့၏လမ်းညွှန်ဖြစ်သော Panasonic Leadership Principles ကို စဉ်ဆက်မပြတ် ပြန်လည်သုံးသပ်ပြီး မွမ်းမံမြှင့်တင်သွားပါမည်။

သုံးစွဲသူကို အာရုံစိုက်ခြင်း

(Customer Focus)

ကျွန်ုပ်တို့သည် သုံးစွဲသူတစ်ဦး၏ ရှုထောင့်မှ အမြဲစဉ်းစားပေးရမည်။
သုံးစွဲသူများ စိတ်ကျေနပ်မှုရှိစေရန်အတွက် ၎င်းတို့ သတိမပြုမိသေးသည့် ဖြစ်လာနိုင်သော ပြဿနာများကို ကျွန်ုပ်တို့ဘက်မှ နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်ထားပြီး ၎င်းတို့၏ အကောင်းဆုံးအနာဂတ်ကို ကြိုတင်မျှော်တွေးကာ ၎င်းတို့၏ မျှော်လင့်ချက်များထက် သာလွန်သည့် လုပ်ဆောင်ချက်များကို ဆက်လက်လုပ်ဆောင်သွားပါမည်။

ရေရှည်မျှော်မှန်းချက်ကို လမ်းပြဖော်ဆောင်ခြင်း

(Drives Vision)

သမားရိုးကျ ပုံစံကြီးအတိုင်း ဖက်တွယ်မထားဘဲ ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ အခြားသူများ၏ စိတ်ကူးထက်ကျော်လွန်ပြီး ကျွန်ုပ်တို့၏အကောင်းဆုံး အနာဂတ်ကို ရဲရဲဝံ့ဝံ့ ပုံဖော်သွားရမည်။
ခက်ခဲသည်ဟုထင်ရသော်လည်း ကျွန်ုပ်တို့သည် ဖြစ်နိုင်ခြေအားလုံးကို ရှာဖွေစူးစမ်းလျက် အကောင်းဆုံး အနာဂတ်တစ်ခု ရယူနိုင်ရန် ဘယ်တော့မှ အရှုံးမပေးဘဲ ကြိုးစားသွားပါမည်။

ယုံကြည်မှု တည်ဆောက်ခြင်း

(Builds Trust)

ကျွန်ုပ်တို့သည် လူ့အဖွဲ့အစည်းတွင် နေထိုင်သူများဖြစ်သည်ဟူသော အသိဖြင့် မောက်မာမော်ကြွားမှုမရှိဘဲ စိတ်ရင်းစေတနာမှန်ဖြင့် လုပ်ဆောင်၍ ယုံကြည်မှုရယူပါမည်။
ကျွန်ုပ်တို့သည် အသေးငယ်ဆုံးသော အသေးစိတ်အချက်အလက်များကိုပင် လျစ်လျူရှုမထားဘဲ လူ့အဖွဲ့အစည်းအတွက် မှန်ကန်သောအရာကို အမြဲလုပ်ဆောင်သွားရပါမည်။
ထို့ပြင် ကျွန်ုပ်တို့သည် အဖွဲ့ဝင်အားလုံးထံမှ နှိမ့်ချစွာ သင်ယူသွားပြီး ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ကာ လူမှုဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ လေးလေးစားစား ဆွေးနွေးမှုဖြင့် အချင်းချင်း ဆက်ဆံရေးကို မြှင့်တင်သွားပါမည်။

ဗျူဟာမြောက် စဉ်းစားတွေးခေါ်မှုနှင့် အပြုအမူ

(Strategic Thinking and Behavior)

လက်တစ်ကမ်းမှာရှိသည့် ကိစ္စရပ်များကိုသာ အာရုံစိုက်မနေဘဲ လူ့အဖွဲ့အစည်းတစ်ခုလုံးကိုခြုံငုံ၍ မြင်အောင်ကြည့်ပြီး လိုက်လျောညီထွေ တွေးခေါ်စဉ်းစား၍ အပြောင်းအလဲ အရိပ်လက္ခဏာများကို ဖော်ထုတ်ရမည်။
ကျွန်ုပ်တို့သည် အလျင်စလို ဆုံးဖြတ်ချက်များချမှတ်ခြင်း သို့မဟုတ် ရှိရင်းစွဲအနေအထားပေါ်မူတည်၍ လုပ်ဆောင်ရမည့်အရာများကို စဉ်းစားခြင်းကဲ့သို့ ရေတိုကြည့် ချဉ်းကပ်နည်းသုံးခြင်း ပြုမည်မဟုတ်ဘဲ ရေလတ်မှ ရေရှည် မျှော်တွေးသည့် အလေ့အထကို အမြဲ မြှင့်တင်ကျင့်သုံးသွားပါမည်။
လူမှုရေးနှင့် နည်းပညာဆိုင်ရာ တိုးတက်မှုကို အမြဲစိတ်ဝင်တစားစောင့်ကြည့်၍ အပြောင်းအလဲများတွင် ခြေတစ်လှမ်းသာနေရန် ကြိုးပမ်းရာ၌ ကျွန်ုပ်တို့၏ အားသာချက်များဖြစ်လာမည့် ကျွန်ုပ်တို့၏အရည်အချင်းများကို အကဲဖြတ်ကာ ပိုမိုထူးချွန်လာအောင်မြှင့်တင်ခြင်းဖြင့် လုပ်ငန်းအခွင့်အလမ်းသစ်များကို ဖွင့်လှစ်ပေးမည်ဖြစ်သည်။

အကောင်းဆုံးအလုပ် လုပ်ငန်းစဉ်များ

(Best Work Processes)

ကျွန်ုပ်တို့သည် လက်ရှိအနေအထားတွင် ကျေနပ်နေခြင်း မရှိဘဲ အခြေအနေအရပ်ရပ်တွင် အလုပ်ဖြစ်ထွန်းမှုကို မြင်သာအောင် တိုင်းတာခြင်းအား မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ပြီး ဤကဲ့သို့ တစိုက်မတ်မတ် သေချာကြိုးပမ်းသွား၍ ကျွန်ုပ်တို့၏လုပ်ငန်းက ကမ္ဘာ့အကောင်းဆုံးအရည်အသွေးကို ပေးအပ်သည်ဟု ကျွန်ုပ်တို့ကို အမြဲတမ်းဂုဏ်ယူရစေမည့် ရလဒ်များကို အရယူရမည်။
ဤအတွက်ကြောင့် လက်ရှိအနေအထားကို ဆုတ်ယုတ်နေသည့် အခြေအနေတစ်ခုအဖြစ် ကျွန်ုပ်တို့မှတ်ယူပြီး စိတ်ကျေနပ်ဖွယ်မရှိသော အလုပ် လုပ်ငန်းစဉ်များကို တွန့်ဆုတ်ခြင်းမရှိဘဲ ရဲဝံ့စွာဖြင့် တိုးတက်အောင် ဆက်လက်လုပ်ဆောင်သွားပါမည်။

တာဝန်ယူတတ်မှု

(Ownership)

ကျွန်ုပ်တို့၏အလုပ်များသည် မည်မျှပင် မပြောပလောက်အောင် အသေးအဖွဲဖြစ်ပုံပေါ်နေပါစေ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့လုပ်ရမည့်အလုပ်များ၏ မန်နေဂျာများဖြစ်သည်ကို သိရှိထားပြီး
၎င်းနှင့်လိုက်လျောညီထွေစွာ ပြုမူရပါမည်။
ကျွန်ုပ်တို့အနေဖြင့် အလုပ်တိုင်းတွင် အဓိပ္ပာယ်တစ်ခုစီရှိသည်ဟု ယူဆပြီး ဘယ်တော့မှ “ဒါဟာ ငါ့အလုပ်မဟုတ်ဘူး“ ဟု မပြောပါ။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ပျော်ရွှင်မှု နှင့် အဖွဲ့အစည်းနှင့်သက်ဆိုင်သည့် လူတစ်ဦးချင်းစီ၏ ကောင်းကျိုးချမ်းသာအတွက် ကိုယ်ပိုင်လုပ်ပိုင်ခွင့်ကို နားလည်သိရှိ၍ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်။

ဆင့်ကဲတိုးတက်မှု

(Evolution)

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ လက်ရှိစွမ်းဆောင်ရည်များနှင့် ယခင်အတွေ့အကြုံများအပေါ်တွင် မှီခိုနေမည်မဟုတ်ဘဲ ကျွန်ုပ်တို့၏နယ်ပယ်များကိုချဲ့ထွင်ရန်၊ သင်ယူရန်နှင့် ပြောင်းလဲရန် ဆက်လက်လုပ်ဆောင်သွားပါမည်။
ရှေးရိုးနည်းများကို ဖက်တွယ်နေပြီး ဤရည်မှန်းချက်များကို ဘာကြောင့်အောင်မြင်အောင်မလုပ်နိုင်ရသည်ကို ဆင်ခြေများထုတ်မည့်အစား ၎င်းတို့ကို အောင်မြင်ရန်အတွက် နည်းလမ်းများကို ရှာဖွေပါမည်။ ကျွန်ုပ်တို့သည် ဘေးမှရပ်ကြည့်သူ သို့မဟုတ် ဝေဖန်သူများဖြစ်မည့်အစား စိန်ခေါ်သူများဖြစ်၍ ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ အခြားသူများ၏စိန်ခေါ်မှုများကိုပါ ကူညီပံ့ပိုးပေးပါမည်။

ဉာဏ်ပညာနှင့်အညီပြုမူခြင်း

(Harmonizes Wisdom)

ဉာဏ်ပညာနှင့်ပိုမိုပြည့်စုံစေရန်အတွက် ကျွန်ုပ်တို့သည် အခြားသူများ၏ ထင်မြင်ယူဆချက်များကို လက်ခံကြိုဆိုသော စိတ်ဖြင့် နားထောင်ကာ ၎င်းတို့ကို လေးစားစွာဖြင့် ပြောရန်လိုသည်များကို ပြောရမည်။
ကျွန်ုပ်တို့သည် အခြားသူများနှင့် သဘောထားကွဲလွဲမည်ကို မကြောက်ဘဲ မြန်မြန်ဆန်ဆန်နှင့် အကောင်းဆုံး ဆုံးဖြတ်ချက် ချမှတ်မှုကို မြှင့်တင်ဆောင်ရွက်ပါမည်။

တစ်မူထူးခြားမှုနှင့် ကွဲပြားခြားနားမှုများကို ကြိုဆိုပါသည်

(Welcomes Uniqueness and Differences)

ကွဲပြားခြားနားမှုများကို အားသာချက်အဖြစ် မှတ်ယူပြီး မတူကွဲပြားမှုကို ကြိုဆိုကာ စံနှုန်းသစ်ဖန်တီးရန် ၎င်းကို ကျွန်ုပ်တို့အတွက်အကျိုးရှိအောင် အသုံးချရ မည်ဖြစ်သည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကြိုတင်မှန်းဆချက်များနှင့် ဘက်လိုက်သောအမြင်များကို သိရှိနားလည်ပြီး ထိုကဲ့သို့သော တွေးခေါ်ပုံနည်းလမ်းများမပါဘဲ တရားမျှတသော ဆုံးဖြတ်ချက်ချခြင်းကို မြှင့်တင်လုပ်ဆောင်သွားပါမည်။

လူကို ဦးစားပေးခြင်း

(People First)

ကျွန်ုပ်တို့သည် နေ့စဉ်အလေ့အကျင့်နှင့် ထောင်လွှားခြင်း မရှိဘဲ ဆင်ခြင်သုံးသပ်ခြင်းဖြင့် အကောင်းဆုံး အခြေအနေတစ်ခုကို စူးစမ်းရှာဖွေ၍ အရယူရမည်။ အဖွဲ့သားများအပေါ် ကျွန်ုပ်တို့၏ထင်မြင်ယူဆချက်များနှင့် နည်းလမ်းများကို အတင်းအကျပ်လက်ခံခိုင်းမည်မဟုတ်ဘဲ ၎င်းတို့၏အလားအလာကို ယုံကြည်ပြီး အလုပ်တစ်ခုလုပ်ဆောင်ရန် ၎င်းတို့ကို အပြည့်အဝယုံကြည်ပေးပါမည်။
အလုပ်များကို ဆောင်ရွက်သည့်အခါတွင် ကျွန်ုပ်တို့ကိုယ်တိုင်နှင့် အဖွဲ့သားများ၏ ကျန်းမာရေးနှင့် ဘေးကင်းမှုကို သေချာအာမခံနိုင်ရန်အတွက် ၎င်းကို ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ပါမည်။ အဖွဲ့သားအားလုံးအတွက် စိတ်ချမ်းသာစေမည့် အလုပ်ပတ်ဝန်းကျင်တစ်ခု ဖန်တီးရန် တစ်ယောက်ကို တစ်ယောက် ဂရုစိုက်စောင့်ရှောက်ပြီး ကူညီပါမည်။

ရလဒ်ကို တွန်းအားပေးခြင်း

(Drives Results)

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အခန်းကဏ္ဍနှင့် မျှော်မှန်းချက်များကို နက်ရှိုင်းစွာ သိရှိနားလည်ပြီး အောင်မြင်ရမည့်ပန်းတိုင်နှင့် ထိုပန်းတိုင်အောင်မြင်ရန် အကောင်အထည်ဖော်ခဲ့သည့် အတိုင်းအတာကို အမြဲအတည်ပြုရမည်ဖြစ်သည်။
ကျွန်ုပ်တို့၏အောင်မြင်မှုနှင့် ဆန့်ကျင်နေသည့်အခါ ကျွန်ုပ်တို့၏အပြုအမူကို ဘယ်တော့မှ လျစ်လျူရှုမည်မဟုတ်ပါ။ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုက မည်မျှပင် ခက်ခဲနေပါစေ၊ အောင်မြင်သောရလဒ်များ ရရှိစေရန်အတွက် ချက်ချင်း ရဲဝံ့စွာ လုပ်ဆောင်သွားပါမည်။