Panasonic Group ၏ စီမံခန့်ခွဲရေးအခြေခံမူဝါဒ ၁။ လုပ်ငန်း၏တာဝန်

လုပ်ငန်းများ တည်ရှိရခြင်း၏ အကြောင်းအရင်းမှာ အဘယ်နည်း။ ကျွန်ုပ်တို့၏ တည်ထောင်သူဖြစ်သည့် Konosuke Matsushita သည် လုပ်ငန်း၏ အခန်းကဏ္ဍ၊ တာဝန်မှာ "ပိုမိုကောင်းမွန်စွာနေထိုင်လိုသည်" ဟူသည့် လူသားတို့၏ ဆန္ဒကို ဖြည့်ဆည်းခြင်းဖြစ်သည်ဟု ယုံကြည်ထားသည်။

တစ်နည်းအားဖြင့် လူသားတို့၏ နေထိုင်မှုဘဝတွင် အသုံးဝင်သည့် အရည်အသွေးကောင်းမွန်သော ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို သင့်လျော်သောဈေးနှုန်းဖြင့် လုံလောက်စွာ ပေးစွမ်းပြီး လူ့အဖွဲ့အစည်း တိုးတက်မှုအတွက် ပံ့ပိုးကူညီရန်မှာ လုပ်ငန်းများ၏ မူလတာဝန်ဟု ယူဆထားသည်။ ထို့အပြင် ဤသို့တာဝန်ရှိသည့်လုပ်ငန်း၏ ပိုင်ရှင်သည် လုပ်ငန်းသည် လုပ်ငန်းအနေဖြင့်မဟုတ်ဘဲ လူ့အဖွဲ့အစည်းပိုင်ဖြစ်ကြောင်း ယုံကြည်ပြီး ဤသည်ကို "လုပ်ငန်းသည် လူ့အဖွဲ့အစည်းအတွက် အဖွဲ့အစည်းဖြစ်သည်" ဟူသော စကားလုံးဖြင့် ဖော်ပြခဲ့သည်။

လုပ်ငန်းသည် "လူ့အဖွဲ့အစည်းအတွက် အဖွဲ့အစည်း" ဖြစ်ကြောင်းကို စဥ်းစားကြည့်ပါက လုပ်ငန်းလုပ်ဆောင်ရာတွင် လိုအပ်သော စီမံခန့်ခွဲမှုအရင်းအမြစ်ဖြစ်သည့် လူသားအရင်းအမြစ်၊ မတည်ငွေ၊ မြေ၊ ပစ္စည်းများသည် လူ့အဖွဲ့အစည်းမှ အပ်နှင်းထားသည့်အရာများဖြစ်သည်။ လူ့အဖွဲ့အစည်းမှ အပ်နှင်းထားသည့် အရင်းအမြစ်များကို အသုံးပြု၍ စီးပွာရေးလုပ်ခြင်းထက် လုပ်ငန်းသည် ၎င်းတို့ကို အကောင်းဆုံးအသုံးချပြီး ထိုအသုံးချမှုမှ အမြတ်ရလဒ်ကို ဖန်တီးကာ လူ့အဖွဲ့အစည်းအပေါ် ပြန်လည်အကျိုးပြုရမည်ဖြစ်သည်။

ယေဘုယျအားဖြင့် လုပ်ငန်း၏ ရည်ရွယ်ချက်မှာ အကျိုးအမြတ်ရရှိရန်ဟု ထင်မြင်ကြသည်။ သို့သော် Panasonic Group သည် အကျိုးအမြတ်ကို "လူ့အဖွဲ့အစည်းအား အကျိုးပြုသည့် ဆုလာဒ်အဖြစ် လူ့အဖွဲ့အစည်းမှ ပေးအပ်သောအရာ" ဟု ယူဆထားသည်။ တစ်နည်းအားဖြင့် လူ့အဖွဲ့အစည်းအား အကျိုးပြုမှုပမာဏအလိုက် အကျိုးအမြတ်လည်း ကြီးမားလာပြီး ဆန့်ကျင်ဘက် အနေဖြင့် အကျိုးအမြတ်မထွက်ရှိခြင်းမှာ လုပ်ငန်းသည် ဤလူ့အဖွဲ့အစည်းတာဝန်ကို ကျေပွန်အောင် မဆောင်ရွက်ခြင်း တစ်နည်းအားဖြင့် လူ့အဖွဲ့အစည်းတာဝန်ကို ကျေပွန်အောင်ဆောင်ရွက်နိုင်စွမ်း မရှိခြင်းဖြစ်ပြီး စောလျင်စွာ ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း မှတ်ယူနိုင်သည်။

ထို့အပြင် လုပ်ငန်းသည် ဖောက်သည်များ၊ လုပ်ငန်းမိတ်ဖက်များ၊ အစုရှယ်ယာရှင်များ၊ လူ့အဖွဲ့အစည်းစသည့် များစွာသောမိတ်ဖက်များနှင့် အမျိုးမျိုးသောဆက်ဆံရေးပုံစံကို ထိန်းသိမ်းကာ လုပ်ငန်းစီမံခန့်ခွဲလျက်ရှိသည်။ "အဖွဲ့အစည်းအတွက် အဖွဲ့အစည်း" ဖြစ်သော လုပ်ငန်း၏ အဆိုပါမိတ်ဖက်များ အကျိုးစီးပွားထက် မိမိတို့ကိုယ်ပိုင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင်လုပ်ခြင်းကို လူ့အဖွဲ့အစည်းမှ လက်ခံမည်မဟုတ်ဘဲ မိတ်ဖက်များအားလုံးနှင့်အတူ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ခြင်း သာလျှင် လုပ်ငန်းကို ရေရှည်ဖွံ့ဖြိုးတိုးတက်စေမည့် နည်းလမ်းဖြစ်သည်။

လုပ်ငန်းမှ လူ့အဖွဲ့အစည်းတာဝန်များကို ကျေပွန်အောင်ဆောင်ရွက်သူများမှာ အဆိုပါလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေကြသူများ ဖြစ်သည်။ ဆင့်ကဲပြောင်းလဲလျက်ရှိသောလူ့အဖွဲ့အစည်းတွင် လူတစ်ဦးချင်းစီသည် ပေးအပ်ထားသောအလုပ်ကို လိုက်နာရုံ၊ လုပ်ဆောင်ရုံဖြင့် လူ့အဖွဲ့အစည်းအပေါ် ကောင်းကျိုးကို ဆက်လက်ဖန်တီးပေးပြီး လုပ်ငန်း၏ လူ့အဖွဲ့အစည်းတာဝန်များကို ကျေပွန်အောင် ဆောင်ရွက်နိုင်မည်မဟုတ်ပါ။ လုပ်ငန်းတွင် လုပ်ကိုင်နေကြသူတစ်ဦးချင်းစီသည် နေ့စဥ် အနည်းငယ်မျှပင်ဖြစ်စေ မိမိတို့၏အလုပ်ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားခြင်းသည် လူသားတို့၏ နေထိုင်မှုနှင့် လူ့အဖွဲ့အစည်းကို တိုးတက်ဖွံ့ဖြိုးလာစေမည် ဖြစ်သည်။

အခြေခံစီးပွားရေးဓာတ်ပုံကို လုပ်ငန်းစဉ်တွင် အသုံးပြုရန် တစ်ယောက်တည်းအနှစ်သင်္ကာ ဝန်ထမ်းတစ်ယောက်တည်းအတွက် လုပ်ငန်းလမ်းညွှန်များစုစည်းမှု။