Panasonic Group ၏ စီမံခန့်ခွဲရေးအခြေခံမူဝါဒ ၄။ ယုံကြည်မှု၊ ကျင့်ဝတ် ၇ ချက်

Panasonic Group ၏ ဝန်ထမ်းများဖြစ်သော ကျွန်ုပ်တို့သည် နေ့စဥ်လုပ်ငန်းဆောင်တာများကို လက်တွေ့ဆောင်ရွက်သွားခြင်းအပေါ်သဘောထားကို "ယုံကြည်မှု" နှင့် "ကျွန်ုပ်တို့လိုက်နာသင့်သည့် ကျင့်ဝတ် (ကျင့်ဝတ် ၇ ချက်)" ဖြင့် ဖော်ပြထားသည်။

ယုံကြည်မှု - ဝန်ထမ်းတစ်ဦးစီ၏ ရင်းနှီးသောပူးပေါင်းဆောင်ရွက်မှုမရှိပါက ဖွံ့ဖြိုးတိုးတက်ရန် ခက်ခဲပြီး တစ်ဦးချင်းစီ၏ ရိုးသားမှုဖြင့် စည်းလုံးညီညွှတ်စွာတာဝန်ကို လိုက်နာဆောင်ရွက်ခြင်း

လုပ်ငန်းမှ တစ်ဆင့် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးတွင် ပံ့ပိုးကူညီရန်အတွက် ဦးစွာ ဝန်ထမ်းအားလုံးမှ ပူးပေါင်း၍ စိတ်သဘောထားကို တစ်သားတည်းထားကာ နေ့စဥ်အလုပ်တွင် ဖြောင့်မှန်စွာ လုပ်ကိုင်ရန် လိုအပ်သည်။ အဖွဲ့အစည်းတိုင်းတွင် မြင့်မားသောရည်မှန်းချက်များ ထားရှိပြီး ဝန်ထမ်းများသည် ထိုရည်မှန်းချက်ကို မိမိတို့၏ ရည်မှန်းချက်ဟု စိတ်နှလုံးသားထဲမှ မှတ်ယူကာ ဝန်ထမ်းများအကြားတွင် ယုံကြည်မှုကို အခြေခံသော အဖွဲ့လိုက်လုပ်ဆောင်မှုရှိမှသာလျှင် အဖွဲ့အစည်း၏ ရည်မှန်းချက်အပြင် လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။

လူ့အဖွဲ့အစည်းအတွက် ပံ့ပိုးကူညီခြင်း - ရပ်ရွာအကျိုးပြုစက်မှုလုပ်ငန်းများသည် အခြေခံမူဝါဒတွင် ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏စက်မှုလုပ်ငန်းရှင်များသည် ဤကျင့်ဝတ်ကို ပထမဦးစွာ ထားရှိရမည်ဖြစ်သည်

ကျွန်ုပ်တို့၏ တာဝန်သည် "စံပြလူ့အဖွဲ့အစည်း" ဖော်ဆောင်နိုင်ရန် လုပ်ငန်းမှတစ်ဆင့် ကမ္ဘာ့နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ ကြီးပွားချမ်းသာရေး၊ ကမ္ဘာ့ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ရေးကို ပံ့ပိုးကူညီရန်ဖြစ်သည်။ ဤသို့သောအသိကို အမြဲကိုင်ဆောင်ပြီး ကျွန်ုပ်တို့သည် အကောင်းဆုံးသောအရည်အသွေး၊ ကုန်ကျစရိတ်နှင့် ဝန်ဆောင်မှုကို လက်တွေ့ဖော်ဆောင်ရန် နေ့စဥ်လုပ်ငန်းဆောင်တာတွင် လုပ်ဆောင်ရန်လိုအပ်သည်။

တရားမျှတမှုနှင့် ရိုးသားမှု- တရားမျှတမှုနှင့် ရိုးသားမှုကို လူ့ဘဝ၏ အခြေခံအဖြစ်ထား၍ မည်မျှပင် ထူးချွန်ထက်မြက်နေစေကာမူ ရိုးသားဖြောင့်မတ်ခြင်းမရှိပါက စံထားရသူမဖြစ်နိုင်ပါ

ကျွန်ုပ်တို့သည် ယေဘုယျအားဖြင့် လူ့အဖွဲ့အစည်း၏ စံနှုန်းများနှင့် နည်းနာများကို လိုက်နာရမည်ဖြစ်ပြီး စိတ်အလိုကိုမလိုက်ဘဲ တရားမျှတပြီး ဘက်မလိုက်သော၊ မှန်ကန်သော လုပ်ဆောင်မှုကို လုပ်ဆောင်ရမည်ဖြစ်သည်။ အမြဲတစေ ရိုးသားဖြောင့်မတ်စွာဖြင့် တရားမျှတသော လုပ်ဆောင်မှုကို လုပ်ဆောင်ရန် အရေးကြီးသည်။ မည်မျှပင်အသိပညာဗဟုသုတ ကြွယ်ဝစေကာမူ၊ အရည်အချင်းရှိစေကာမူ တရားမျှတမှုနှင့် ရိုးသားမှု မရှိသူများသည် Panasonic Group ၏ ဝန်ထမ်းအဖြစ် အရည်အချင်းမရှိသူများဟု သတ်မှတ်ရမည်ဖြစ်သည်။

အတူတကွပူးပေါင်းဆောင်ရွက်ခြင်း - အတူတကွပူးပေါင်းဆောင်ရွက်ခြင်းဆိုသည်မှာ ကျွန်ုပ်တို့၏ ယုံကြည်ချက်တွင်ထားရှိသောအရာ၊ မည်မျှပင် တစ်ဦးချင်းအရ ထူးချွန်ထက်မြက်သော လူသားအရင်းအမြစ်ဖြစ်ပါစေ အတူတကွပူးပေါင်းဆောင်ရွက်ခြင်း မရှိပါက အင်အားမရှိသော အဖွဲ့အစည်းသက်သက်သာလျှင် ဖြစ်လိမ့်မည်

ကျွန်ုပ်တို့သည် တစ်ဦးချင်းစီ၏ အင်အားများကို စုပေါင်း၍ အဖွဲ့လိုက်လုပ်ဆောင်မှုကို မြှင့်တင်ခြင်းဖြင့် ပိုမိုကြီးမားသောအောင်မြင်မှုရလဒ်ကို မွေးထုတ်နိုင်သည်။ မတူကွဲပြားသော ထင်မြင်ယူဆချက်များ၊ ကိုယ်ရည်ကိုယ်သွေးများကို အသုံးချ၍ အချင်းချင်း တစ်ခုတည်းအဖြစ် ပူးပေါင်းဆောင်ရွက်ရန်မှာ အရေးကြီးသည်။ ထိုသို့မလုပ်ဆောင်နိုင်ပါက မည်မျှပင် အရည်အချင်းရှိသောလူသားအရင်းအမြစ်များ စုစည်းနေကာမူ အဖွဲ့အစည်းအနေဖြင့် အင်အားကို ပြသနိုင်မည်မဟုတ်ပေ။

မဆုတ်မနစ်သောကြိုးစားမှုဖြင့် တိုးတက်အောင်လုပ်ဆောင်ခြင်း - ကျွန်ုပ်တို့၏ တာဝန်ကို ပြီးမြောက်အောင်မြင်ရန်အတွက် မဆုတ်မနစ်စွာကြိုးစားခြင်းသည် အဓိကသော့ချက်ဖြစ်ပြီး ဤသို့ကြိုးစားမှသာ စစ်မှန်သောငြိမ်းချမ်းရေးနှင့် တိုးတက်ရေး ရရှိနိုင်မည်ဖြစ်သည်

ကျွန်ုပ်တို့သည် တာဝန်အောင်မြင်ရန်အတွက် အင်အားရှိသမျှ ကြိုးစားအားထုတ်၍ အခက်အခဲများကို ကျော်လွှားကာ ရှေ့ဆက်လျှောက်ရမည်ဖြစ်သည်။ မည်သည့်အလုပ်ကိုမဆို အမြဲ အလေးအနက်ထား လေ့လာ၊ တွေးတောကာ၊ ပြင်းပြသောစိတ်ထားဖြင့် ကြိုးစားဖော်ဆောင်ခြင်းဖြင့် အသစ်အသစ်သော ဉာဏ်ရည်ဉာဏ်သွေးနှင့် တီထွင်မှုများ ပေါက်ဖွားလာပြီး ရှေ့ဆက်တိုးတက်မှု ကိုလည်း ယူဆောင်လာနိုင်မည်ဖြစ်သည်။

ယဥ်ကျေးခြင်းနှင့် နှိမ့်ချခြင်း - လူသားတစ်ဦးအနေဖြင့် ယဉ်ကျေးမှုနှင့် နှိမ့်ချသောစိတ်ထားမရှိလျှင် လူ့အဖွဲ့အစည်းသည် စည်းစနစ်ကျနမှုရှိမည်မဟုတ်ပေ ကောင်းမွန်သောယဉ်ကျေးမှုနှင့် နှိမ့်ချမှုများ တည်ရှိရာ လူ့အဖွဲ့အစည်းကို အလှဆင်ခြင်းဖြင့် ကြွယ်ဝသောဘဝတစ်ခုကို ဖော်ပြနိုင်သည်

ကျွန်ုပ်တို့သည် လုပ်ငန်းတွင် ယဉ်ကျေးသိမ်မွေ့ပြီး နှိမ့်ချမှုရှိစွာဖြင့် လုပ်ဆောင်ရန် လိုအပ်သည်။ နေ့စဉ်ဘ၀တွင် တစ်ဖက်လူကို အမြဲလေးစားခြင်း၊ မည်သူ့ကိုမဆို လေးလေးစားစား ဆက်ဆံခြင်း၊ မာန်ထောင်လွှားမှုကို ရှောင်ကြဉ်ပြီး မိမိကိုယ်ကို သေသေချာချာ ဝေဖန်ပိုင်းခြားစိတ်ရှိရန် အရေးကြီးသည်။

လိုက်လျောညီထွေဖြစ်ခြင်း - သဘာဝတရား၏ ပံ့ပိုးမှုနှင့် လိုက်လျောညီထွေမဖြစ်လျှင် ဖွံ့ဖြိုးတိုးတက်ရန်ခက်ခဲပြီး လူ့အဖွဲ့အစည်း၏ လမ်းကြောင်းနှင့် ကိုက်ညီမှုမရှိဘဲ လူသားများ အပေါ်တွင် ဘက်လိုက်ပါက အောင်မြင်မှုကို မမျှော်လင့်သင့်ပါ

ကျွန်ုပ်တို့သည် လူ့အဖွဲ့အစည်း၏ ပြောင်းလဲမှုနှင့် ဆင့်ကဲပြောင်းလဲမှုကို မှန်ကန်စွာဆုပ်ကိုင်ပြီး လိုက်လျောညီထွေဖြစ်အောင် ဆက်လက်လုပ်ဆောင်ရမည်။ ထို့သို့လုပ်ဆောင်ရန်အတွက် ဖြစ်ပေါ်လျက်ရှိသောအရာ၏ အပေါ်ယံကိုသာလျှင် ကြည့်ရမည်မဟုတ်ဘဲ နောက်ကွယ်တွင်ရှိသည့် ကြီးမားသောဖြစ်စဥ်အဆင့်နှင့် အဆိုပါအနှစ်သာရကို ဆုပ်ကိုင်ရန်လည်း အရေးကြီးသည်။

ကိုယ်ပိုင်အတွေး၊ ယုံကြည်ချက်များနှင့် ချည်နှောင်ခြင်းမရှိဘဲ အကြောင်းအရာများကို အရှိအတိုင်း ဓမ္မဓိဋ္ဌာန်ကျကျဖြင့် မှန်ကန်သောဘက်မှ ကြည့်ရှုရန်လိုအပ်သည်။ ထို့အပြင် တိုးတက်ဖွံ့ဖြိုးလျက်ရှိသော လူ့အဖွဲ့အစည်းနှင့် လိုက်လျောညီထွေဖြစ်ရန် ကျွန်ုပ်တို့သည်လည်း နေ့စဥ် တိုးတက်အောင်မြင်ရန် ပြင်းပြသောလှုံဆော်မှုနှင့် ကြိုးစားအားထုတ်မှု ရှိရမည်။

ကျေးဇူးသိတတ်ခြင်း - ကျေးဇူးသိတတ်ခြင်းသည် ကျွန်ုပ်တို့အား အဆုံးမရှိ ပျော်ရွှင်မှုနှင့် တက်ကြွမှုကို ပေးစွမ်းကာ ခက်ခဲမှုမှန်သမျှကို ကျော်လွှားနိုင်စေပြီး စစ်မှန်သော ပျော်ရွှင်မှု၏ အရင်းအမြစ်ဖြစ်သည်

ကျွန်ုပ်တို့၏ နေ့စဥ်အလုပ်နှင့် နေထိုင်မှုဘဝသည် လုပ်ဖော်ကိုင်ဖက်များ၊ မိတ်ဖက်များ၊ မိသားစုနှင့် ကျယ်ပြန့်သောလူ့အဖွဲ့အစည်းရှိလူသားများကြောင့် ဖြစ်တည်လာခြင်းဖြစ်သည်။ ရရှိလာသော အကူအညီ၊ အထောက်အပံ့များအပေါ် အမြဲတစေ "ကျေးဇူးတင်ခြင်း" ဟူသောစိတ်ထားဖြင့် ပြန်လည်ကျေးဇူးဆပ်ရန် အရေးကြီးသည်။

အပြန်အလှန်ကျေးဇူးတင်ရှိခြင်းနှင့် လူအများအား ကျေးဇူးပြန်ဆပ်ခြင်းစိတ်ထားဖြင့် ကျွန်ုပ်တို့သည် လူ့အဖွဲ့အစည်းအား ဖွံဖြိုးတိုးတက်စေခြင်းသည် ကျွန်ုပ်တို့အား အဆုံးမရှိသောပျော်ရွှင်မှုနှင့် အခက်အခဲဟူသမျှကို ကျော်လွှားစေနိုင်သည့်ခွန်အားနှင့် သတ္တိကို ပေးစွမ်းသောကြောင့်ဖြစ်သည်။

အခြေခံစီးပွားရေးဓာတ်ပုံကို လုပ်ငန်းစဉ်တွင် အသုံးပြုရန် တစ်ယောက်တည်းအနှစ်သင်္ကာ ဝန်ထမ်းတစ်ယောက်တည်းအတွက် လုပ်ငန်းလမ်းညွှန်များစုစည်းမှု။